Blog Single

17 Jan

New Year Special Sales Exhibition

Date : 14th to 17th January 2011
Location: Tamadaw Hall

Acer ချစ်သူများအတွက် Acer Computer Products များရဲ့ မြန်မာပြည်ကိုယ်စားလှယ် ရွှေလမင်းနဂါးကုမ္ပဏီလီမိတက်မှ ဇန်နဝါရီလ ၁၄ ရက်မှ ၁၇ ရက်အတွင်း တပ်မတော်ခန်းမမှာ ကျင်းပပြု လုပ်သွားမယ့် New Year Fresh Sales Exhibition မှာ အထူးအစီအစဉ်များနဲ့ စီစဉ်ရောင်းချပေးသွားမှာ ဖြစ်ကြောင်းသိရပါတယ်။

နှစ်သစ်မှာ နောက်ဆုံးအဖြစ်ထွက်ရှိထားတဲ့ နည်းပညာသစ်တွေကို တင်ဆက် ပြသသွားမှာ ဖြစ်ပြီး Intel Core i5 480 M Processor ရဲ့အားသာချက် Turbo Boost Technology နဲ့ NVidia မှ ထုတ်လုပ်သော နောက်ဆုံးထွက် Graphic GT540M တို့ကို တွဲဖက်ပြီး Acer အမှတ်တံဆိပ်နဲ့ ကမ္ဘာဈေးကွက်ကို ပထမဆုံးစတင်ထိုးဖောက်မယ့် Notebook တွေကိုပါ နိုင်ငံတကာနှင့်တန်းတူ တပြိုက်နက် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

ဒါအပြင် 3D ရုပ်သံအတွက် ကျေနပ်အောင်လုပ်ဆောင်ပေးနိုင်တဲ့ Notebook,Predator Gaming PC,Branded PC များနဲ့ Touch Screen Notebook အပါအဝင် နည်းပညာ ထုတ်ကုန်သစ်တွေကိုလည်း ခင်းကျင်းမိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် Notebook ဝယ်ယူသူများအတွက်လဲ လက်ဆောင်ပစ္စည်းလေးတွေကို ထပ်မံစီစဉ်ပေးထားကြောင်း ကုမ္ပဏီတာဝန်ရှိသူထံမှ ကြားသိရပါတယ်…..
အထူးအစီအစဉ်အနေဖြင့် ပြပွဲရက်အတွင်း Apacer 2 GB Handy Drive/Micro SD 2 GB များအား အချိန် ပိုင်းဖြင့် နေ့စဉ် ၂ နာရီမှ ၄ နာရီအတွင်း လာရောက်ဝယ်ယူသူများအတွက် အထူးနှုန်းငွေကျပ် ၂၀၀၀ ကျပ် ဖြင့် နေ့စဉ် အရေအတွက် အကန့်အသတ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပါသည်။ Acer ကို နှစ်သက်စွဲမက်ကြတဲ့ User များနဲ့ လေ့လာဝယ်ယူချင်သူများအတွက် သတင်းတစ်ရပ်အဖြစ်ကြိုတင်အသိပေးဖော်ပြလိုက်ပါတယ်။

Related Posts