Blog Single

03 Mar

Acer Day 2013

Date : 2~3 March 2013
Location : Junction Mawtin
မြန်မာပြည်၏ ထူးခြားသောBrand Exhibition အဖြစ် စည်ကားစွာကျင်းပလေ့ရှိသော Acer Day 2013 ကို ဒုတိယအကြိမ် မြောက်အဖြစ် မတ်လ ( ၂ ရက် နှင့် ၃ ရက် ) နေ့များတွင် Junction Mawtin တွင် မနက် ၉:၃၀ မှ ည ၈း၀၀ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

ပြပွဲအတွင်း Acer ၏ အထူး Item ဖြစ်သော Acer Iconia B1 Tablet နှင့် Acer E1-471 (i3) Notebook ကို ရောင်း ချခဲ့ပြီး Acer Notebook များကိုလည်း အထူးအစီအစဉ်များဖြင့် ရောင်းချခဲ့ပြီး ပျော်ရွှင်ဖွယ် (50%) Happy Hour, ကစားနည်းများ ၊ ချက်ခြင်းနှိုက်ချက်ခြင်းပေါက် ကံစမ်းမဲများအပြင် မတ်လ-၂ ရက်နေ့တွင် Facebook တွင် ပြုလုပ်ခဲ့သော Acer Iconia B1Fan Page တွင် “Like” လုပ်ခဲ့သူများထဲမှ ကံထူးရှင်ကို မဲနှိုက်ရွေးချယ်ခဲ့ရာ မန္တလေးမှ “ Mg Zide” ဆိုသူရရှိခဲ့ပါတယ်…
Acer ၏ ချက်ခြင်းနှိုက်ချက်ခြင်းပေါက် ဗလာမပါကံစမ်းမဲတွင် RedLink မှ ချီးမြှင့်သော 360,000 တန် အင်တာနက်လိုင်းတစ်လိုင်းကို ကံထူးခဲ့ရာ မတ်လ- ၂ ရက်နေ့တွင် Citiom မှ Acer Iconia B1 Tablet ကို ဝယ်ယူခဲ့သော ကိုစိုးထူးနိုင် မှ ရရှိခဲ့ပါသည်။

မတ်လ-၃ ရက်နေ့တွင် 2013 Authorized Dealer ဆိုင်များဖြစ်ကြသော ရန်ကုန်မြို့မှ Asia Tech, Citicom, I.C.E, IdeaLink, Innwa, K.S.W, LifeMark, Technoland, Unique ဆိုင်တို့မှ လည်းကောင်း ၊ ပြည်မြို့မှ Wise Power အားလည်းကောင်း Dealer အမှတ်တံဆိပ် အပ်နှင်းခဲ့ပြီး မန္တလေးမြို့ရှိ Innwa, K.S.W, MAT, ME, Mycom, Technoland ဆိုင်တို့မှ လည်းကောင်း ၊ နေပြည်တော်မှ Linn, မော်လမြိုင်မှ Double Y, လားရှိုးမှ MST, မြစ်ကြီးနားမှ Min Khaing Electronics တို့အားလည်း Dealer ဆိုင်များအဖြစ် ကြော်ငြာခဲ့ပါသည်။

၂၀၁၂ ဒီဇင်ဘာ ( ၁ ) ရက်နေ့မှ ၂၀၁၃ ဖေဖော်ဝါရီ ( ၂၈ ) ရက်နေ့အထိ ကျင်းပခဲ့သော Acer Welcome 2013 Luckydraw Promotion အား Acer Day 2013 Exhibition တွင် အနယ်နယ်အရပ်ရပ်မှ ကံထူးရှင်များအား ကံစမ်းရွေးချယ်ပေးခဲ့ရာ

Grand Prize ( Acer Aspire S7 Ultrabook ) ကို Technoland မှ Acer Notebook ဝယ်ယူ အားပေးခဲ့သော ဦးတင်သန်း ( ၁၄/လပတ(နိုင်)၀၂၄၈၃၄) မှလည်းကောင်း ၊

  • ပထမဆု ( Acer Aspire S5 Ultrabook ) ကို Unique (PSD )မှ Acer MiniNotebook ဝယ်ယူအားပေးခဲ့သော ကိုမင်းသက်ပိုင် ( ၆/မမန(နိုင်)၁၄၁၂၄၈) တို့မှလည်းကောင်း ၊
  • ဒုတိယဆု ( Acer Travelmate8473TG ) ကို K.S.W မှ Acer Monitor ဝယ်ယူအားပေးသော မအိဖြူဝင်း ( ၉/ကပတ(နိုင်)၁၆၁၈၁၉ ) မှလည်းကောင်း
  • တတိယဆု Acer Aspire V5-171(i3) MiniNotebook ကို K.S.W မှ Acer Notebook အားပေးခဲ့သော မောင်အောင်စိုးဦး ( ၆/LLN(N)၁၂၀၁၆၀ ) မှလည်းကောင်း
  • စတုတ္ထဆု Acer Iconia A101 Tablet ကို Technoland မှ Acer Mini Notebook ဝယ်ယူအားပေးခဲ့သော ကိုမျိုးမင်းဇော် (၁၂/ဥကတ(နိုင်)၁၄၄၈၆၄) မှလည်းကောင်း
  • ပဉ္စမဆု Acer Iconia A200 Tablet ကို Innwa Premium Shop မှ Acer Notebook ဝယ်ယူ အားပေးခဲ့သော ကိုကျော်ထွေး မှလည်းကောင်း
  • ဆဋ္ဌမဆု ငွေသား ( ၂၀၀၀၀၀ ) ကျပ်ကို LifeMark မှ Acer Notebook ဝယ်ယူအားပေးခဲ့ သော မသန္တအောင် ( ၇/ပမန(နိုင်)၁၀၃၉၉၃) မှ လည်းကောင်း
  • သတ္တမဆု ငွေသား ( ၁၀၀၀၀၀ ) ကျပ် ( ၃ ) ဆုကို TPP မှ Acer Monitor ဝယ်ယူအားပေးခဲ့သော မောင်မောင်ကျော်စွာဝင်း ( ၁၂/သကတ(နိုင်)၀၂၂၁၀၉ ) မှ လည်းကောင်း
  • Radiance မှ Acer Notebook ဝယ်ယူ ခဲ့သူ ကိုကောင်းမြတ်သူ ( ၉/ပမန(နိုင်)၂၁၃၃၈၉ ) မှလည်းကောင်း
  • Unique မှ Acer Monitor ဝယ်ယူခဲ့သူ ကိုထိန်လင်းအောင် ( ၆/မမန(နိုင်) ၁၃၄၅၇၄) မှလည်းကောင်း

Related Posts