Blog Single

03 Jun

Acer Umbrella Quotes

မြို့ထဲမှာ ချစ်သူလေးနဲ့အတူလမ်းလျှောက်နေရင်း မိုးဖွဲလေးကျလာသည်။ ပြဿနာက နှစ်ယောက်လုံးထီးကပါမလာ။ မိုးဖွဲလေးဆိုတော့ ကိစ္စမရှိပါဘူးဆိုပြီး ပေတေလျှောက်နေပေမယ့် တဖြည်းဖြည်း မိုးကသည်းလာတော့
ဒီတိုင်းနေ၍မရတော့..။
(Fa တွေဆိုရင်တော့ ဘာအရေးလဲ စိုစို မစိုစို ဂရုစိုက်စရာလူမှမရှိတာ)
နီးစပ်ရာ စတိုးဆိုင်တစ်ဆိုင်ဝင်ပြီး ထီးဝယ်ဖို့လုပ်ရသည်။

ပြဿနာက ဇီဇာကြောင် မရွှေချောက ရောင်းဖို့ပြထားသည့် ထီးတွေကိုတစ်ချောင်းမှမကြိုက်။
ကိုယ့်ဟာကိုယ်ဆိုရင်တော့ ဘာအရေးလဲ မိုးမစိုရင်ပြီးရောသဘောထားပြီး တွေ့သည့်ထီးကောက်ဝယ်လိုက်ရုံတင်..
အခုကျ ဇီဇာကြောင် မရွှေချောပါနေတော့ သူ့အလိုလိုက်ရသည်။

နောက်တစ်ဆိုင်ကူးဖို့ပြင်တော့ သည်းနေသည့်မိုးက မတိတ်သေး။
ဒါနဲ့ ရောက်နေသည့်ဆိုင်ဝမှာပဲ ၂ ယောက်လုံးမတ်တပ်ရပ်ပြီး မိုးအတိတ်ကိုစောင့်ရသည်။
ဒီအချိန်မှာပဲ သိကြားမင်းက ကိုယ့် ငယ်ထိပ်တည့်တည့် ကိုမိုးကြိုးပစ်ချလိုက်တာပဲ လို့ နောင်တစ်ချိန်မှာ သူ့ကိုပြန်ပြန်စဖြစ်တဲ့ ကိစ္စတစ်ခုကကိုယ့်ရှေ့မှာရောက်လာသည်။

ထီးဆောင်းထားတဲ့ လူတစ်ယောက် ကိုယ်တို့ ၂ ယောက်ရှေ့ကဖြတ်သွားသည်။
ကိုယ်က အမှုမဲ့အမှတ်မဲ့ပေမယ့် သူက..

“ ကိုကို့ စောနက ထီးဆောင်းသွားတဲ့လူကိုတွေ့လိုက်လား သူ့ ထီးလေးလှတယ်နော် အဲ့ထီးလေးလိုချင်တယ်
ဘယ်က၀ယ်လာလဲ လိုက်မေးပါလား”

“ အမ် .မိုးသည်းကြီးထဲကိုလား”

“ဟုတ်တယ်လေ ဘာလဲ လိုက်မမေးချင်ဘူးလား”
သူပြောသည့် စကားတောင်မဆုံး ကိုယ်က စောနကဖြတ်သွားသည့်လူနားရောက်နေပြီ။

“ အစ်ကို့ အစ်ကို့ အဲ့ထီးလေးဘယ်က၀ယ်လာတာလဲဟင် ကျနော့ ကောင်မလေးကလှလို့တဲ့ “
သွား ၃၂ ချောင်းလုံးပေါ်အောင်ဖြီးရင်း မေးရသည်။

“ ဟေ..ဒီထီးလား ဒီထီးက၀ယ်လာတာမဟုတ်ဘူးကွ”
ဝယ်လာတာမဟုတ်တော့ ခိုးလာတာလားဟု ဘုကန့်လန့်တွေးလိုက်သည်။

“ လက်ဆောင်ရတာ Laptop ၀ယ်တော့ ဆိုင်က ပရိုမိုးရှင်းအနေနဲ့ ထီးတစ်ချောင်းလက်ဆောင်ပေးလိုက်တာ ..ဒါပေမယ့် Laptop တိုင်းတော့မဟုတ်ဘူးကွ Acer Laptop ၀ယ်မှပေးတာတဲ့ “

“ သြော်..ဟုတ် ဟုတ် အစ်ကို ကျေးဇူးပဲခင်ဗျ”
ကျေးဇူးတင်စကားကို ကမန်းကတန်းဆိုရင်း သူ့ဆီ အပြေးပြန်သွားရသည်။
ထိုလူတော့ ဘယ်လိုကောင်လဲဟ ဆိုပြီး ကြောင်စီစီတွေးပြီးကျန်ခဲ့မယ်ထင်သည်။

ခနအကြာတွင်တော့ Computer အရောင်းဆိုင်တစ်ဆိုင်မှ ထီးလှလှလေးတစ်ချောင်း ကိုင်ပြီးထွက်လာသည့် ကောင်မလေးတစ်ယောက်ဘေးတွင် မိုးမိထားသည့် ကြွက်စုတ်ရုပ် နဲ့ ကောင်ချောလေးတစ်ယောက် အသစ်စက်စက် Acer Laptop တစ်လုံးကိုပိုက်ရင်းထွက်လာလေသည်။

Acer ချစ်ပရိသတ်များအတွက် မိုးရာသီအထူးပရိုမိုးရှင်းအနေဖြင့် Acer Laptop ၀ယ်ယူသူတိုင်းကို Acer ထီးလှလှလေးတစ်ချောင်း လက်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

ပရိုမိုးရှင်းကာလ
June 1 ~ June 20

Related Posts

Leave A Comment

This site uses Akismet to reduce spam. Learn how your comment data is processed.