Blog Single

17 Jun

Outstanding Student Promotion

၁၀ တန်းအောင်စာရင်းတွေထွက်တာ တစ်ပတ်ရှိသွားပြီ.. အောင်တဲ့သူတွေအတွက်ကတော့ ဒီလိုအချိန်ဟာ အိမ်မှာ ဘုရင် ၊ ဘုရင်မ တွေပါပဲ လက်ညှိးညွှန်ရာ ရေ ဖြစ်သလို လိုတရအစွမ်းတွေလည်းပိုင်ဆိုင်ထားပါတယ်။
(အမြဲတန်းတော့မဟုတ်ဘူး..တက္ကသိုလ်မတက်ခင်အချိန်အထိပဲ 😜) ဒီလိုအခွင့်အရေးတွေရနေတဲ့အချိန်အတွင်းမှာ ကိုယ်လိုချင်တာတွေကိုရအောင်ပူဆာရမှာပါ.. ခုလိုနည်းပညာခေတ်မှာ Computer တစ်လုံးဆိုတာမရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေထဲကတစ်ခုပါ ဘယ်တက္ကသိုလ်ကိုပဲရွေးရွေး ကိုယ့်အတွက် Computer တစ်လုံးတော့ပိုင်ဆိုင်ထားသင့်ပါတယ်။
Acer Aspire 5 ဟာ.. သပ်ရပ်ခန့်ငြားတဲ့ ဒီဇိုင်း ဆန်းသစ်တဲ့ နည်းပညာ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေ နဲ့ပြည့်စုံတဲ့ Laptop ဖြစ်ပြီး ကျောင်းသား/သူ တွေ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား/သူတွေ နဲ့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်. ဒီလို အရည်အချင်းတွေနဲ့ပြည့်စုံတဲ့ Aspire 5 ကို ၀ယ်မယ့် ၁၀ တန်းအောင်တဲ့ ကျောင်းသား/သူတွေအတွက် “ Outstanding Student “ ဆိုတဲ့ ပရိုမိုးရှင်းတစ်ခုပြုလုပ်ပေးလိုက်ပါတယ်။

၁၀ တန်းအောင်ကျောင်းသား/သူတွေထဲက

☑️ဂုဏ်ထူး (၁)ဘာသာထွက်တဲ့သူ
☑️ဂုဏ်ထူး (၂)ဘာသာထွက်တဲ့သူ
☑️ဂုဏ်ထူး (၃)ဘာသာထွက်တဲ့သူ
☑️ဂုဏ်ထူး (၄)ဘာသာထွက်တဲ့သူ
☑️ဂုဏ်ထူး (၅)ဘာသာထွက်တဲ့သူ
☑️ဂုဏ်ထူး (၆)ဘာသာထွက်တဲ့သူ

အတွက် Aspire 5 (i5) 8th gen ၀ယ်ရင် cash back $ 35 လျော့ပေးသွားမှာဖြစ်ပြီး လစဉ် ပရိုမိုးရှင်းတွေနဲ့ပါတွဲဖက် ခံစားခွင့်ရမှာဖြစ်ပါတယ်။
လာရောက်ဝယ်ယူတဲ့ ကျောင်းသား/သူတွေအနေနဲ့ ကျောင်းသားကဒ် မိတ္တူ နဲ့ အမှတ်စာရင်းမိတ္တူယူခဲ့ဖို့လိုပါတယ်။

ပရိုမိုးရှင်းကာလက ဇွန် (၁၅) ရက် ကနေ (၃၀) ရက်နေ့အထိဖြစ်ပြီး အမြို့မြို့အနယ်နယ်မှာရှိတဲ့ Shwe Lamin Nagar Co.,Ltd ရဲ့ Dealer/Reseller ဆိုင်တွေမှာ ၀ယ်ယူခံစားနိုင်မှာပါ..

Related Posts

Leave A Comment

This site uses Akismet to reduce spam. Learn how your comment data is processed.