Yangon ICT Fair 2012 and WOW Challenge Cup
Yangon ICT Fair 2012 and WOW Challenge Cup

Yangon ICT Fair 2012 and WOW Challenge Cup

Date – 10~12, August, 2012

Location – Tamadaw Hall

သြဂုတ် ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့ ၊ တပ်မတော်ခန်းမတွင် MCPA မှ ကြီးမှူးကျင်းပသည့်Yangon ICT Fair ( Computer and Mobile ) ပြပွဲတွင် Acer Product များကို မြန်မာပြည်ကိုယ်စားလှယ်အဖြစ် ရောင်းချပေးနေသောရွှေလမင်းနဂါးကုမ္ပဏီမှ ပါဝင်ပြသသွားမည်ဖြစ်ပါသည်။ ပြပွဲအတွင်း June လတွင်ကျင်းပခဲ့သော Computex ပွဲတွင် Taiwan မှ ချီးမြှင့်ပေးသော “Best Choice Award at Computex 2012” ဆုကိုလည်းကောင်း၊’’CES 2012 Best Of Show’’ Award Winner ဆုကိုလည်းကောင်း၊ ‘’Best Of CES 2012 Award” ဆုများ အသီးသီးရရှိထားသော Acer Ultra Book S5 နှင့် LONDON 2012 OLYMPIC GAME တွင် ပါဝင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုထုတ်လုပ်ထားသော Acer Aspire V3-471G ( i5 ) ကို ပြသရောင်းချသွားမှာ ဖြစ်ပါသည်။ Acer OfficeServer AC100 ကိုလည်း လုပ်ငန်းရှင်များ လေ့လာနိုင်အောင် ပြသရောင်းချပေးမှာ ဖြစ်ပါတယ်။ ရောင်းချခြင်း အထူးအစီအစဉ်များအဖြစ်

မြန်မာပြည်၏ ပထမဆုံး mini notebook ဖြစ်သော Aspire One 756 ကို စတင်မိတ်ဆက်ရောင်းချပြီး ၂၇၅၀၀၀ ကျပ်ဖြင့်ပြပွဲအတွင်းမှာသာ ရောင်းချပေးသွားမည်ဖြစ်သည် ။ ( Intel DualCore B967,2G Memory, 320 GB HDD,11.6” LED)

Acer Notebook ကို ဝယ်ယူသူတိုင်း လက်ဆောင် ( ၆ ) မျိုး ကို ရရှိနိုင်သလို ပြပွဲအတွင်းရှိ Acer ၏ Dealer, Reseller ဆိုင်များတွင် မှ Acer Notebook ဝယ်ယူထားသည့် Invoice နှင့်တကွ လာရောက်ပြီးတော့လည်း ထုတ် ယူနိုင်ပါတယ်။ ( Acer Mouse, Cleaning Kits, Keypad Protector, Notepad, Bag, Antivirus )

Myanmar Fun Club များကို အမှတ်တရ လက်ဆောင်များပေးသွားမည်။

Acer နှင့် MSI တို့၏ WOW Challenge Cup (အောက်စာမျက်နှာတွင် အသေးစိတ် ပါဝင်ပါသည်)

မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပသော Yangon ICT Fair ( Aungust 2012 ) တွင် ပထမဆုံးအကြိမ်အဖြစ် MSI နှင့် Acer မှ WOW Challenge Cup ပူးပေါင်းတင်ဆက်

၂၀၁၂ သြဂုတ်လတွင် မြန်မာနိုင်ငံပညာရှင်အသင်းများမှ ကျင်းပသော ICT ပြပွဲကြီးတွင် Acer မှ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သော အသင်း ( ၁၆ ) သင်းနှင့် MSI မှ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သော အသင်း ( ၁၆ ) သင်းသည် World of WarCraft Game ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်။ အနိုင်ရရှိသော အသင်းမှ Acer VS MSI ChallengeCup နှင့် အတူ ဆုကြေးငွေ ကျပ် ငါးသိန်း ကို ရရှိမည်ဖြစ်ပြီး ၊ ဒုတိယရရှိသော အသင်းမှ နှစ်သိမ့်ဆုအနေဖြင့် ဆုကြေးငွေ ကျပ် တစ်သိန်း ကို ရရှိပါမည် ။ ပွဲစဉ်များကို ပြပွဲရက် ( ၁၀ ရက် မှ ၁၂ ) ရက်နေ့အထိ နံနက် ၁၀း၃၀ မှ ညနေ ၄း၀၀ အထိပွဲစဉ်များနှင့် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး VAKOK အဖွဲ့ မှ စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်သည် ။ အထူးခြားဆုံးနှင့် Brand နှစ်ခုမှ ကိုယ်စားပြုအသင်းများ ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် စိတ်ဝင်စားသူများနှင့် ဝင်ရောက်ယှဉ်ပြိုင်လို သည့် အသင်းများသည် VAKOK သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။ လာရောက်ယှဉ်ပြိုင်သော အသင်းများကိုလည်း Acer, MSI နှင့် ဦးစီးကျင်းပသော VAKOK အဖွဲ့မှအမှတ်တရ လက်ဆောင်များ ပေးအပ်သွားမည်ဟုလည်းသတင်းရရှိပါသည်။ အသေးစိတ်အချက်အလက်သိရှိလိုပါက Acer, MSI နှင့် VAKOK မှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Share with

Related Post