နှစ်သစ်မှာ Laptop အသစ်ဝယ်ဖို့စဉ်းစားနေသူတွေအတွက်
နှစ်သစ်မှာ Laptop အသစ်ဝယ်ဖို့စဉ်းစားနေသူတွေအတွက်

နှစ်သစ်မှာ Laptop အသစ်ဝယ်ဖို့စဉ်းစားနေသူတွေအတွက်

အိမ်မှာသုံးဖို့လည်းအဆင်ပြေသလို ၊ သင်တန်းသုံး ၊ ကျောင်းသုံး အတွက်လည်းသင့်တော်တဲ့ အရည်အသွေးကောင်း ဒီဇိုင်းမိုက် Laptop လေးတစ်လုံးကို အထူးဈေးနှုန်းနဲ့ ဝယ်ခွင့်ရမယ့် “Welcome 2023 Aspire” ပရိုမိုးရှင်းလေး လာပါပြီ။
ခုလို ဈေးတွေအရမ်းကြီးနေတဲ့အချိန်မှာ အရမ်းသက်သာတဲ့ အထူးဈေးနဲ့ဝယ်ခွင့်ရမှာမလို့လက်မလွှတ်သင့်တဲ့ အခွင့်အရေးလေးဖြစ်ကြောင်း ကြိုတင် သတိပေးလိုက်ပါတယ်နော်..
အထူးဈေးနှုန်းနဲ့ဝယ်ခွင့်ရမယ့် မော်ဒယ်လေးက
Acer ရဲ့ Aspire 3 (i3) 12th gen Laptop လေးဖြစ်ပါတယ်။
Aspire 3 မှာ Intel ရဲ့ i3 12th gen processor သုံးထားပြီး Storage အတွက် RAM 4 GB DDR4 2667MHz နဲ့ 256 GB PCIE SSD ပါဝင်ပါတယ်။
ဒါနဲ့ မလုံလောက်သေးတဲ့သူတွေအနေနဲ့လည်း RAM ကို 16GB အထိမြှင့်လို့ရသလို SSD Slot အပိုပါသေးလို့ Storage ကိုထပ်တိုးလို့ရပါတယ်။
SSD အပြင် အထဲမှာ HDD Cable လေးလည်း တစ်ခါထဲအတူပါတာကြောင့် cable ကြိုး ထပ်ဝယ်စရာမလိုပါဘူး။
Screen size က 15.6″ ဖြစ်ပြီး Full HD အရည်အသွေးကိုမှ IPS Display နဲ့ဆိုတော့ မျက်နှာပြင်ကျယ်ကျယ်မှာ အလုပ်တွေကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား နဲ့ကြည့်ရှုလုပ်ကိုင်နိုင်မှာပါ။
Graphics ကတော့ onboard ဖြစ်ပြီး Intel UHD Graphics ကိုသုံးထားလို့
Graphic သုံးရတဲ့ software တွေ ၊ ဂိမ်းအကြီးစားတွေ ဆော့ရင်တော့အဆင်ပြေမှာမဟုတ်ပါဘူး။
ဒေတာတွေအကူးအပြောင်းလုပ်ဖို့အတွက် USB 2.0,3.0 Port တွေ ပါဝင်လို့ ဒေတာတွေကို မြန်မြန်ဆန်ဆန် ကူးပြောင်းနိုင်မှာဖြစ်ပြီး HDMI,GbLAN,Card Reader စတဲ့ Port တွေကအစပါတဲ့အတွက် ပြီးပြည့်စုံတဲ့ Laptop တစ်လုံးအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။
36Wh Li-ion Battery နဲ့ဆိုတော့အချိန်ခဏလေးနဲ့ အားကုန်မှာကိုစိုးရိမ်စရာမလိုပါဘူး။
မြင်မြင်ချင်း သဘောကျစေမယ့်အချက်က သူ့မှာသုံးထားတဲ့ အရောင်ဖြစ်တဲ့ Pure Silver color လေးပါပဲ။
ဒီလိုအားသာချက်တွေနဲ့ပြည့်စုံတဲ့ Aspire 3 (A315) i3 12th gen ကို
ဇန်နဝါရီ ၁ ရက် ကနေ ၃၁ ရက်အတွင်း ဒေါ်လာဈေးအတက်အကျ စိတ်ပူစရာမလိုဘဲ
အထူးဈေး မြန်မာငွေ 1,199,000 Ks ထဲနဲ့ ဝယ်ခွင့်ရမှာပါ
ပုံမှန်ဈေး – $ 479 (မြန်မာငွေ ၁၄ သိန်းဝန်းကျင်)
အထူးဈေး – 1,199,000 Ks
ပရိုမိုးရှင်းကာလ -ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ
အသေးစိတ်ကြည့်ရန် >> https://bit.ly/3FlVmpE
ဝယ်ယူရန် >> https://bit.ly/3hfxFYj

Share with

Related Post